the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်း​ဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ စီမံကွပ်ကဲမှုဖြင့် နေပြည်​တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်း​ဆေးရုံကြီးမှ ကွင်းဆင်း​ဆေးကုသ​ရေးအဖွဲ့ သည် ၁၂-၇-၂၀၂၅ ရက်​နေ့တွင် ​နေပြည်​တော်​​ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိမြို့နယ် တိုင်းရင်း​ဆေးကုဌာနခွဲသို့ နံနက်(၈)နာရီမှ ​နေ့လည်(၁၂)နာရီထိကွင်းဆင်း​ဆေးကုသခဲ့ရာ ကျား (၁၈)ဦးနှင့် မ(၄၄)ဦး စုစု​ပေါင်း လူနာဦးရေ(၆၂)ဦးတို့အား ကျန်းမာ​ရေး​စောင့်ရှောက်မှု​ပေးနိုင်ခဲ့​ပြီး ကွင်းဆင်း​ဆေးကုရာ နေရာသို့ တိုင်းရင်း​ဆေးပညာဦးစီးဌာန ညွန်ကြား​ရေးမှူးချုပ် ၊ဒုတိယညွန်ကြား​ရေးမှူးချုပ်၊ညွန်ကြား​ရေးမှူး ကုသ​ရေး တို့က လာ​ရောက်၍လို အပ်သည်များပံ့ပိုး​ဆောင်ရွက်ခဲ့ပါ​ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်