နေပြည်တော် ၊သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အလုပ်သင်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၁၇) ဦး အား ဆေးရုံအုပ်ကြီး၊ ဒုတိယဆေးရုံအုပ်နှင့် ဌာနတာဝန်ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆေးရုံ၏ စည်းမျဉ်းစည်းကမ်း တို့ကိုရှင်းလင်းပြေားကြားခဲ့ပြီး တာဝန်ကျဌာနခွဲများသို့ အုပ်စုအလိုက် စတင်တာဝန်ထမ်းဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။