နေပြည်တော်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ရွာတော်ရှိ အားကစားသမားများ တည်းခိုသည့်နေရာတွင် တိုင်းရင်းဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိပြီး (၂၇-၁၁-၂၀၂၄) ရက်နေ့မှ (၁၅-၁၂-၂၀၂၄) ရက်နေ့ အထိ လူနာ(၁၂၂၂) အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။