နေပြည်တော်၊ တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀-၂-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင်နှင့်အဖွဲ့သည် တပ်ကုန်းမြို့ ဘုရင့်နောင် ရပ်ကွက် ဘိုးဘွားရိပ်သာ၌ ဆေးကုသမှု ဆောင်ရွက်ခဲ့ပြီး အဘိုး (၁၂) ဦး၊ အဘွား (၁၆) ဦး၊ စုစုပေါင်း (၂၈) ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။