the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသမှုပေးခြင်း

နေပြည်တော်၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၄-၁၂-၂၀၂၄) ရက်နေ့၊ စနေနေ့တွင် ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်၍ အကြောအရိုး အဆစ်ရောင်ရောဂါကုဌာနမှ ဆောင်ရွက် သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်၊ ကျည်ထောင်အုပ်စု၊ မွန်းတည့်ခွင် (တောင်) ကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း၊ ဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ရာ ကျား (၃၁)ဦး၊ မ (၂၇) ဦး၊ အဘိုး (၅)ဦး၊ အဖွား(၇)ဦး၊ စုစုပေါင်း (၇၀) ဦးတို့အား နံနက် (၉:၀၀)နာရီမှ နေ့လယ်(၁၂:၄၀) နာရီထိ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဒုတိယဆေးရုံအုပ် ဆရာဦးလှမော်မှ “ဆောင်းရာသီတွင် ဖြစ်ပွားတက်သော ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များ အကြောင်းသိကောင်း စရာ” ခေါင်းစဉ်ဖြင့် လူဦးရေ (၂၈)ဦးအား ကျန်းမာရေး အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်