နေပြည်တော်၊ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံမှ တာဝန်ကျဆရာ (၂) ဦးသည် (၉-၂-၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၏ အကယ်ဒမီပေးအပ်ပွဲ တက်ရောက်ကြမည့် အနုပညာရှင်နှင့် သက်ဆိုင်သည့် အဖွဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စည်ပင်ဧည့်ရိပ်သာ (၁) တွင် (၇-၂-၂၀၂၅) ရက်နေ့မှ စတင်ပြီး တိုင်းရင်းဆေးခန်းဖွင့်လှစ် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။