the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၂၁-၁၂-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်၍ ပြင်ပလူနာဌာနမှ ဆရာ၊ဆရာမ (၉) ဦးသည် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ် တစ်လေးလုံးကျေးရွာအုပ်စုပုရွက်ဆိတ်ကုန်းကျေးရွာသို့ တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းဆေးကုသခဲ့ရာ လူကြီး ကျား(၃၁)ဦး၊ လူကြီး မ (၈၄) ဦး၊ လူနာစုစုပေါင်း (၁၁၅) ဦးတို့အား နံနက် (၉:၀၀)နာရီမှ နေ့လယ် (၁၂:၄၅) နာရီထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပြီး “ဆောင်းရာသီတွင်အဖြစ်များသော နှာစေး၊ချောင်းဆိုး ချမ်းဖျားတုန်ဖျား ရာသီ တုတ်ကွေးဖျား”နှင့်ပတ်သက်၍ ပြင်ပလူနာဌာနမှ ဆရာမ ဒေါ်သန္တာအောင်နှင့် ဆရာဦးအိုက်တို့မှ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း