နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်၊ မီးယပ်ရောဂါ ကုဌာနနှင့် ကလေးရောဂါကုဌာနတို့ ဦးဆောင်သော ဆရာ၊ ဆရာမ (၁၁)ဦး တို့သည် (၁၁-၈-၂၀၂၄) ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင် ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာသို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ခဲ့၍ ကျား(၂၉)ဦး၊ မ(၄၁)ဦး၊ လူနာစုစုပေါင်း (၇၀)ဦးအား ဆေးကုသမှုပေးခဲ့ပြီး တိုင်းရင်းဆေးမှူး ဆရာဦးလှိုင်ကျော်ဦးမှ တကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း ကျန်းမာရေးအသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။