ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးသက်ပိုင်စိုးသည် (၁၀-၁၁-၂၀၂၆) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီမှ ညနေ (၃:၀၀) နာရီအချိန်အထိ မရင်းကြီးကျေးရွာသို သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၁၄)ဦး၊ မ (၁၆) ဦး၊ စုစုပေါင်း (၃၀)ဦးအား ဆေး ကုသမှုပေးခြင်းနှင့် "ဒူးနာ၊ ခါးနာ" အကြောင်း အသိပညာပေး ဟော ပြောခဲ့ပါသည်။ အများဆုံးကုသသောရောဂါမှာ အဆစ်ရောင် ဒူးနာ၊ ခါးနာ တို့ဖြစ်ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



