ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင် အေလာ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၂.၆.၂၀၂၅)ရက် ကြာသပတေးနေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဝင်းနှင့် ဆေးခန်းအကူ ဒေါ်မြမြတင် တို့သည် အေလာ ကျေးရွာအုပ်စုအတွင်းရှိ ငလျင်ဘေးသင့်ဒဏ်ခံရသည့် "ရေလည်ကွေ့ကျေးရွာ"သို့သွားရောက်၍ ကွင်းဆင်း ဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာလူနာဦးရေကျား ၁၃ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၃၆ ဦးကို တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် အများဆုံးကုသပေးခဲ့သောရောဂါမှာ အဆစ်ရောင်ရောဂါ(ဒူ၊ ခါး၊ဇက်)ဖြစ်ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။