the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ခြင်း

တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၄-၃-၂၀၂၄ရက်နေ့ နံနက် ၉:၀၀နာရီ အချိန်တွင် ကျိုင်းတုံ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ တိုင်းရင်းဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး၊တာချီလိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းနှင့် မြို့နယ်လက်ထောက်တိုင်းရင်းဆေးမှူး၊ ကျိုင်းတုံခရိုင်၊မြို့နယ် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ဆရာမများ၊ စိတ်ပါဝင်စားသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ (၄၁)ဦးတက်ရောက်ကြပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာဦးဝေဇော်မှ မီးယပ်အဖြူဆင်းရောဂါအကြောင်း ဖတ်ကြားပါသည်။

အခမ်းအနားသို့ သဘာပတိအဖြစ် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီး ဦးကြည်ဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ကျိုင်းတုံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နန်းဝိုးဖတ်မှ ဆောင်ရွက်ပါသည်။ စာတမ်းဖတ်ပွဲတွင် ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ တိုင်းရင်းဆေးရုံအုပ် ၊ဒုတိယဆေးရုံအုပ်၊ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး၊ ကျိုင်းတုံခရိုင်ဒုတိယတိုင်းရင်းဆေးမှူး၊ တာချီလိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊များ၊ကျိုင်းတုံခရိုင်၊ မြို့နယ်အသင်းမှဆရာ၊မများ၊ စိတ်ပါဝင်စားသူများနှင့် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းနှင့် အခမ်းအနားကို အစီအစဉ် (၉)ရပ်ဖြင့်ကျင်းပပြီး စာတမ်းရှင်အား တာချီလိတ်မြို့ဘ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးဆေးတိုက်မှ ဆရာဦးဇော်လင်းနှင့် ဆရာမ ဒေါ်နော်ခမ်းချစ်မိသားစုမှ ဂုဏ်ပြုဆုငွေ ကျပ်(၁၀၀၀၀၀)တိတိကို ချီးမြှင့်ပါသည်။

အခမ်းအနားအပြီးတွင် တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာပတိ တိုင်းရင်းဆေးဆရာကြီးဦးကြည်ဝင်းအား တိုင်းရင်းဆေးဆရာ၊မများမှ ဂါရဝပြုကန်တော့လက်ဆောင်ဖြင့် ကန်တော့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းကြောင်း သိရသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ