အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကား ပြောကြားရာ၌ အများပြည်သူသုံးစွဲလျှက်ရှိတဲ့ တိုင်းရင်းဆေးဝါးတွေဟာ ဘေးကင်းလုံခြုံပြီး အရည်အသွေး အာနိသင်ပြည့်မီ စိတ်ချရသော ဆေးများဖြစ်ဖို့ ဓာတ်ခွဲခန်း လုပ်ငန်းစဉ်အဆင့်ဆင့်သည် အလွန်အရေးကြီးရာ ဓာတ်ခွဲခန်းဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် လိုအပ်တဲ့အတွက် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချပေးသည့် ဗဟုသုတ (Knowledge)များကို အလေ့အကျင့် (Practice) ဖြစ်အောင် လုပ်ဆောင်ကြပြီး မိမိတို့၏ အရည်အသွေး (Skill ) တက်လာအောင် ဆောင်ရွက်ကြရန် ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားကာ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ ပါသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကဦးစီး၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ (၂၀၂၄-၂၀၂၅) နှစ်နှစ်တာရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ သင်တန်းနည်းပြများက သင်ခန်းစာများ ပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ (၃)ရက်ဖြစ်ပါသည်။ ယခုသင်တန်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး)တို့ရှိ ဓာတ်ခွဲ ခန်းများမှ ဝန်ထမ်းများနှင့် ပုဂ္ဂလိက တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံတို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်ကာ အခမ်းအနားအပြီးတွင် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပါသည်။