တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့်သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေ သည် ၁၅-၁-၂၀၂၅ ရက်နေ့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ် အခြေခံပညာ အမှတ်(၃)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးအား တိုင်းရင်းဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သိမှတ်ဖွယ်ရာများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျောင်းသား၊ ကျောင်းသူ ၈၉ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်းသိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



