the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များသို့ အသိပေး အကြောင်းကြားခြင်း

Online System ဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လျှောက်ထားသူများသည် ပုံမှန်လျှောက်လွှာဖောင်အား ဝယ်ယူရန် မလိုအပ်ပါ။
 
Online form တွင် ဖြည့်သွင်းရန်ဖော်ပြထားသော လုပ်ငန်းရှင်( ပိုင်ရှင်)၏ အချက်အလက်များကို တိကျစွာ ဖြည့်ပေးရမည် ဖြစ်ပါသည်။
 
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၏ ထောက်ခံချက်ကို attach တွဲပြီးဖော်ပြ၍ online registration တွင် ဖြည့်သွင်းရမည့် အချက်အလက်များကို ပြည်ထောင်စုဖောင့် အားအသုံးပြု၍ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
 
တိုင်းဒေသကြီး/ပြည်နယ်သို့ ထောက်ခံချက်တောင်းခံရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူး/ ပြည်နယ်ဦးစီးဌာနမှူးများကို လိပ်မူ၍ မိမိသက်တမ်းတိုးလိုသော မှတ်ပုံတင်ကတ်ပြားအား မိတ္တူပေး၍ တင်ပြ တောင်းခံရမည်ဖြစ်ပါသည်။
 
ထိုအခါ တိုင်းဒေသကြီးတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီမှ ထောက်ခံချက်အား ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
 
ငွေပေးချေရာတွင် Online Payment ဖြင့် ပေးချေရမည်ဖြစ်ပြီး၊ စိစစ်ခ ကျပ်ငွေ ၁၀၀၀၀ (တစ်သောင်းကျပ်)နှင့် ဝန်ဆောင်ခ ကျပ်ငွေ ၁၀၀၀ (တစ်ထောင်ကျပ်) စုစုပေါင်း ကျပ်ငွေ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်ကျပ်တိတိ) ကျသင့်မည် ဖြစ်ပါသည်။
 
သက်တမ်းကုန်လွန်နေသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)များ အတွက် online payment ဖြင့် ငွေပေးချေလျှောက်ထားနိုင်ပါသည်။
 
Online system ဖြင့် လက်ခံသော တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) များသည် ခွင့်ပြုရရှိထားသည့် ယခင်အချက်အလက်များ အတိုင်း ပြည့်စုံမှသာ လက်ခံဆောင်ရွက်ပါသည်။
 
လျှောက်ထားချက် ကွဲလွဲမှုများရှိပါက ပေးသွင်းထားသော စိစစ်ခများပြန်လည် ရရှိမည် မဟုတ်ပါ။
 
အကြောင်းပြန်ကြားစာများအား လျှောက်လွှာဖောင်တွင် ဖြည့်သွင်းခဲ့သော email လိပ်စာအတိုင်း ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။
 
e.Services Team

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ