သထုံတိုင်းရင်းဆေးရုံမှ ၁၉.၆.၂၀၂၅ ရက်နေ့ ၁၀း၀၀ မှ ၁၄း၀၀ ထိ တိုင်းရင်းဆေးဆရာ/ဆရာမ၄ဦး သည် ထောင်မှူး ကျေးရွာရှိ ထောင်မှူးဘုန်းတော်ကြီးကျောင်းနှင့် ပါဋိမဥ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်ပြီး ကွင်းဆင်းဆေးကုဆောင်ရွက်ခဲ့ရာ ရဟန်းသံဃာ(၁၀)ပါး၊ စာချစာသင်သီလရှင်ဆရာကြီး၊ ဆရာလေး (၁၂၀)ပါးတို့အား ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။