the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဘုံကထိန်ရေစက်ချ တရားတော်နာ အလှူမင်္ဂလာ အခမ်းအနား ကျင်းပ

စုပေါင်းဘုံကထိန် ရေစက်ချတရားတော်နာ အလှူမင်္ဂလာသို့ နေပြည်တော်တိုင်း သံဃနာယက အဖွဲ့ဝင် ကိုးခန်းဘုရားကြီးကျောင်းတိုက် ဆရာတော် သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ သဒ္ဓမ္မ ဇောတိဓဇ၊ ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံမှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ဝန်ထမ်းမိသားစုများ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်းကို အတူတကွနာယူကြပါသည်။

ထို့နောက် ဆရာတော်သံဃာတော်များအား ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စုပေါင်းဘုံကထိန် အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်ချ အမျှပေးဝေကြပါသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဝန်ထမ်းမိသားစုများက ဆရာတော်သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများအား နေ့လယ်စာဖြင့် တည်းခင်း ဧည့်ခံကျွေးမွေးကြကြောင်းသိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ