ထိုင်းနိုင်ငံ Nong Province နှင့် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် တိုင်းရင်းဆေးဝါးများဆိုင်ရာ မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးဦးဆောင်သည့် ကိုယ်စားလှယ်(၈)ဦး ပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။