သဘာပတိအဖြစ် မွန်ပြည်နယ် မြို့နယ်တိုင်းရင်းဆေးမှူး ဦးစောလှထူးကျော်၊ အခမ်းအနားမှူးအဖြစ် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ သထုံမြို့ တိုင်းရင်းဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်မို့မို့အောင် ပန်းနာရင်ကျပ်ရောဂါ ခေါင်းစဉ်စာတမ်းကို ဆွေးနွေးတင်ပြသူ မွန်ပြည်နယ်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင် တို့မှ ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ၊ဆရာမ (၁၄)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။