တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀-၃-၂၀၂၅) ရက်နေ့၊ (တနင်္လာနေ့) နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံး၌ ပြုလုပ်သော “မြန်မာ့တိုင်းရင်းဆေးပညာအကြောင်း” သိကောင်းစရာအသိပညာပေး Talk show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင် နှင့်ပူးပေါင်း၍ “တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် အရိုးကျီးပေါင်း ရောဂါအကြောင်း”ကို အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။