the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၂/၂၀၂၅) အစည်းအဝေး

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၂/၂၀၂၅) အစည်း အဝေးကို (၁၂-၈-၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့်အေးနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပါမောက္ခ(ဆေးပညာဌာန) နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပါမောက္ခ/ဌာနမှူး (ဆေးဝါးဗေဒဌာန) ဆေးတက္ကသိုလ်(၁)(ရန်ကုန်)၊ တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနနှင့် ဆေးဝါးဗေဒဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း(ဗဟို)၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်