ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးအဖွဲ့ နှင့်အတူ (၂၃-၁-၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပ တိုင်းရင်းဆေးကုဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)တိုင်းရင်းဆေးကုဌာနနှင့် မြောက်ဥက္ကလာပ တိုင်းရင်းဆေးကုဌာနတို့သို့ သွားရောက်၍ ဆေးကုသပေးနေမှုအခြေအနေ၊ ဆေးဝါးရရှိသုံးစွဲမှု နှင့်ဆေးဝါးလိုအပ်ချက်များအား စစ်ဆေးမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။