တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ၂၂-၁-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံနှင့် မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်၍ ကုန်ကြမ်းသိုလှောင်မှု၊ သန့်စင်မှု၊ အခြောက်ခံမှု၊ ဆေးထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများလည်း လိုက်ပါကြည့်ရှုကြောင်း သတင်း ရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။