တိုင်းရင်းဆေးပညာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့တိုင်းရင်းဆေးကုဌာနမှ (၃၀-၇-၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့၊ ညောင်ဝန်းကျေးရွာသို့ သွားရောက်၍ ကျားလူကြီး(၁၈)ဦး၊ မလူကြီး(၃၄)ဦး ကျားကလေး(၃)ဦး၊ မကလေး(၂)ဦး စုစုပေါင်း(၅၇)ဦးတို့အား ဆေးကုသပေးမှုများဆောင်ရွက်ခဲ့သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။