တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင် တိုင်းရင်းဆေးကုဌာနမှ ၂၂-၆-၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညွန့်ညွန့်ခင်သည် ပျဥ်းမနားမြို့၊ ဘိုးဘွားရိပ်သာ၌ လူကြီး(ကျား)၁၀ ဦး၊ လူကြီး(မ) ၂၈ ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါကြောင်းနှင့် အများဆုံးကုသပေးခဲ့သောရောဂါမှာ အဆစ်ရောင်ရောဂါ၊ ဒူးနာ၊ ဇက်နာ၊ ခါးနာ ရောဂါများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။