(၂၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မုံရွာမှ (၁၂-၁၁-၂၀၂၆) ရက်နေ့တွင် မုံရွာမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကု သခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ဆေးရုံအုပ် ဒေါ်တင်နန်းနွယ် က “တိုင်းရင်းဆေးပညာအကြောင်း” သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး တက်ရောက်သူ (၂၅၀)ဦးနှင့် ကျား (၂၈)ဦး၊ မ (၅၃)ဦး၊ စုစုပေါင်း (၈၁)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



