the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ၂၀၂၅ ခု ပညာသင်နှစ်အတွက် အလုပ်သင်ဆရာ၊ ဆရာမများ အလုပ်သင် တာဝန်ပေးအပ်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့၊ အခန်းအမှတ်(၁၀၆)၊ နေ့လယ် (၂:၀၀)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ၂၀၂၅ ခု ပညာသင်နှစ်အတွက် အလုပ်သင်ဆရာ၊ ဆရာမများ  အလုပ်တာဝန်ပေးအပ်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

၎င်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားနှင့် ဆုံးမဩဝါဒစကားပြောကြားခြင်း၊  ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်တို့က ဆုံမဩဝါဒစကားပြောကြားခြင်း၊ မော်ကွန်းထိန်းက အလုပ်သင်တိုင်းရင်းဆေးဆရာလက်စွဲ စာအုပ်ပါ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပါမောက္ခ/ဌာနမှူးများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ (မန္တလေး၊ ရန်ကုန်၊ နေပြည်တော်)တို့မှ ဆေးရုံအုပ်ကြီး၊ ဒုဆေးရုံအုပ်များ၊ တိုင်းရင်းဆေးဝါးစက်ရုံမှူး၊ အလုပ်သင်ဆရာ/မ (၅၂) ဦးတို့ တက်ရောက်ကြခဲ့ပြီး အလုပ်သင်တာဝန်များကို ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံများ (မန္တလေး၊ ရန်ကုန်၊ နေပြည်တော်)တို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့ထိ ထမ်းဆောင် ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ