the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ် ဇီဝကမ္မ/ ဇီဝဓာတုဗေဒဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁။ တိုင်းရင်းဆေးတက္ကသိုလ် ဇီဝကမ္မ/ဇီဝဓာတုဗေဒဌာန၏ တစ်လတစ်ကြိမ် သင်ကြားရေး အစီအစဉ်များ ကို ပါမောက္ခချုပ်ထံသို့ ပေးပို့ခြင်း။

 

၂။ ကျောင်းသား/သူများအား သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနရှိ ဆရာ/မများ မှ စနစ်တကျ သင်ကြားပေးခြင်း။

 

၃။ လက်တွေ့သင်ကြားမှုများကို ဘာသာရပ်အလိုက် သင်ကြားပေးခြင်း။

 

၄။ လူနာချဉ်းကပ် အနောက်တိုင်းဘာသာ (Clinical method) အား သင်ကြား ပေးခြင်း။

 

၅။ ဘာသာရပ်အလိုက် စာမေးပွဲများ စစ်ဆေးခြင်း

(၁) နှစ်ဝက်စာမေးပွဲနှင့် အတန်းတင်စာမေးပွဲကြီး စစ်ဆေးရမည့် ဘာသာရပ် များအား စာမေးပွဲစစ်ဆေးခြင်း။

(၂) အခန်းဆုံးစစ်ဆေးရမည့် ဘာသာရပ်များအား စာမေးပွဲစစ်ဆေးခြင်း။

(၃) သင်ခန်းစာအပိုင်းအလိုက် Tutorials/ Modules စစ်ဆေးခြင်း။

(၄) Practical များ သင်ကြားပြီးလျှင် စာမေးပွဲစစ်ဆေးခြင်း။

(၅) လူနာချဉ်းကပ် အနောက်တိုင်းဘာသာ သင်ကြားပြီးလျှင် ဆေးရုံ၌ လူနာ များနှင့် စာမေးပွဲ စစ်ဆေးခြင်း။

(၆) နောက်ဆက်တွဲ စာမေးပွဲများ စစ်ဆေးခြင်း။

 

၆။ ကျောင်းခေါ်ချိန် ၇၅% မပြည့်သော ကျောင်းသား/သူများစာရင်းပေးပို့ခြင်း။

 

၇။ Tutorials အသီးသီး၌ ဖြေဆိုရန် ပျက်ကွက်သော ကျောင်းသား/သူ စာရင်းများ ပေးပို့ခြင်း။

 

၈။ လစာရေးဆွဲနိုင်ရန်အတွက် ဌာနရှိဝန်ထမ်းများ၏ ရုံးတက်၊ ကင်းကွာနှင့် ပျက်ကွက် စာရင်းပေးပို့ခြင်း။

 

၉။ ပထမနှစ် ကျောင်းသား/သူ အသစ်များအား ဆေးစစ်ပေးခြင်း။

 

၁၀။ တိုင်းရင်းဆေးတက္ကသိုလ်မှ ကျင်းပသော Lunch Time Talk / CTME အစီအစဉ်များတွင် ဟောပြောပေးခြင်း။

 

၁၁။ ကျောင်းသား/သူများ၏ Case Presentation များတွင် တက်ရောက် ဆွေးနွေး ခြင်း။

 

၁၂။ တိုင်းရင်းဆေးတက္ကသိုလ်မှ ဦးစီးကျင်းပသော Workshop များတွင် Speaker, Facilitator, Participant, MC, Secretariat များအဖြစ် ဆောင်ရွက်ခြင်း။

 

၁၃။ အခါအားလျော်စွာ တက္ကသိုလ်မှ ကျင်းပသော ဘွဲ့နှင်းသဘင်၊ နှုတ်ဆက်ပွဲ တို့တွင် ပါဝင်ခြင်း။

 

၁၄။ ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးသို့ Tour (သွားရောက်လေ့လာ) ရာတွင် ကြီးကြပ် ပေးခြင်း။

 

၁၅။ အားကစားပွဲများတွင် Medical Cover အဖြစ်ဆောင်ရွက်ပေးခြင်း။

 

၁၆။ တက္ကသိုလ်ဆေးခန်းတွင် အနောက်တိုင်းဆရာ၀န်များက အခါအားလျော်စွာ ကုသပေးခြင်း။

 

၁၇။ လုံခြုံရေးတာဝန်များ ထမ်းဆောင်ရခြင်း။

 

၁၈။ စက်ဘီး/ဆိုင်ကယ်/မောင်တော်ယာဉ်များစနစ်တကျထားရှိရန် ကြီးကြပ်တာ၀န် ယူရခြင်း။

 

၁၉။ ဘွဲ့လွန်စာတမ်းများကို Supervisor များအဖြစ်လည်းကောင်း၊ Readers များအဖြစ် လည်းကောင်း ဆောင်ရွက်ပေးခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း