ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ(၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်၌ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများအား တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့များအပ်နှင်းပါသည်။ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ M.M.T.M (Master of Myanmar Traditional Medicine) ဘွဲ့ရရှိသူ(၁၀)ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့(ပုံမှန်) B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၆၄)ဦးနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာ(ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ(၂၃)ဦး၊ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့M.M.T.M ဘွဲ့ရရှိသူ(၁၃)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ(၁၃)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး)သင်တန်းမှ မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M ဘွဲ့ရရှိသူ(၂၄)ဦး၊(၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ M.M.T.M ဘွဲ့ရရှိသူ(၂၇)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ(၃၀)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး)သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M ဘွဲ့ရရှိသူ(၈)ဦး၊ (၃)ကြိမ် စုစုပေါင်း(၂၁၂)ဦးတို့အား ဘွဲ့အပ် နှင်းချီးမြှင့် ပေးအပ်ပါသည်။
ယခုဘွဲ့နှင်းသဘင်အပါအဝင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှ မွေးထုတ်ပေးလိုက် သည့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ တိုင်းရင်းဆေးပညာရှင်ပေါင်း (၁၈၁၀) ဦးရှိခဲ့ပြီး၊ မြန်မာ့ တိုင်းရင်းဆေးပညာမဟာဘွဲ့ (၁၂၇)ဦးတို့ကို အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်း ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။