the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် အလုပ်သင်တာဝန်ပေးအပ်ပွဲကျင်းပ

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် စတုတ္ထနှစ်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများ အား အလုပ်သင်တာဝန်ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် အခန်းမှတ် (၁၀၆) အစည်းအဝေးခန်း၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားကာ၊ မော်ကွန်းထိန်းက အုပ်ချုပ်ရေးနှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများ က အလုပ်သင် ဆရာ၊ ဆရာမများကို ဆုံးမဩဝါဒ စကားများ ပြောကြားကြပါသည်။ အဆိုပါ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးဆေးရုံ(မန္တလေး) ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှူး၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခ ဌာနမှူးဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်း၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ (ရန်ကုန်၊ နေပြည်တော်)မှ ဒုတိယဆေးရုံအုပ်များ၊ အလုပ်သင် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး အလုပ်သင်ဆရာ၊ ဆရာမများကို ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) သို့ တာဝန်ခွဲဝေချထားကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကာ အလုပ်သင်တာဝန်များကို (၁) နှစ်တိတိ သင်ယူတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း