ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄)၊ နေပြည်တော်တွင် တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Video Conference အစည်းအဝေးကို ယနေ့ နံနက် (၀၉ : ၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန/ တိုင်းရင်းဆေးပညာဦးစီးဌာန (ပူးတွဲတာဝန်) ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစိန်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးတို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆေးရုံအုပ်များတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည်။
ယင်း Video နှင့်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ တိုင်းရင်းဆေးတက္ကသိုလ် ကဏ္ဍ ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဖက်ဖက်မှ အားတက်သရောဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။