အဆိုပါအစည်းအဝေးတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ‘Protection and Utilization of Traditional Medicine Intangible Cultural Heritage in Myanmar’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် Dialogue Session တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့်ဥယျာဉ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းက ‘Protection, Utilization, conservation for Traditional Medicines and Medicinal Plants and ICH documentation process for Traditional Medicine Formulation’ ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ပြီး ဆက်လက်၍ Show case ပြသခြင်း၌ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးသိန်းဝင်းက သွေးစမ်း၍ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း၊ မှိုင်းရှုခြင်းကုထုံး၊ နှာချေခြင်းကုထုံးများပြသခဲ့ကြောင်း သတင်းရရှိ သည်။