တိုင်းရင်းဆေးပညာဦးသီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်ချက်ဖြင့် တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၆.၅.၂၀၂၅နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင်နှင့်အဖွဲ့သည် ကျားသေအိုင်ကျေးရွာသို့သွားရောက်၍ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးရာတွင် ကျား၁၂ဦး၊ မ၄၀ဦး၊ စုစုပေါင်း ၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အများဆုံးကုသပေးခဲ့သောရောဂါများမှာ ဒူးနာ၊ ခါးနာအရိုးအဆစ်ရောင် အရိုးကျီပေါင်းရောဂါများဖြစ်ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။