the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တိုင်းရင်းဆေးမှူး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တိုင်းရင်းဆေးမှူး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၂.၁၁.၂၀၂၃) ရက်နေ့၌ မြိတ်ခရိုင် တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝါဝါ ဦးဆောင်ပြီး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာမ ဒေါ်ခင်မာကြူတို့အဖွဲ့သည် မြိတ်မြို့ အမျိုးသမီးသက်မွေးပညာအတတ်သင်သင်တန်းကျောင်း၌ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးဆရာများ နှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်သူ စုစုပေါင်း(၂၆)ဦးအား ဆေးကုသမှုပေးခဲ့ကြောင်း သိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ