တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၆.၁.၂၀၂၄) ရက်နေ့.တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဆရာဦးမောင်မောင်မြင့်ဦးသည် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျား(၁၆)ဦး မ(၂၁)ဦး စုစုပေါင်း(၃၇)ဦးအား ဆောင်းရာသီတွင်ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်သောအရာများအကြောင်းတိုင်းရင်းဆေးပညာအမြင်များဖြင့် ဟောပြောခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။