ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး (၁၉.၆.၂၀၂၅) ရက်နေ့ ထားဝယ်မြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော် ဦးဆောင်သော အဖွဲ့သည် ထားဝယ်မြို့ ဘိုးဘွားရိပ်သာ၌ အဘိုး(၃)ဦး၊အဘွား(၉)ဦး စုစုပေါင်း(၁၂)ဦးအား တိုင်းရင်းဆေးများဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။