ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၀.၆.၂၀၂၅)ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူ ဦးဆောင်သောအဖွဲ့သည် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ အဘိုး(၈)ဦး၊ အဘွား(၆)ဦး စုစုပေါင်း(၁၄ဦးအား တိုင်းရင်းဆေးများဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။