ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကော့သောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉-၁၂-၂၀၂၄) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဆရာဦးမောင်မောင်မြင့်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကျောက်နှင့်ဝက်သက်ရောဂါအကြောင်းသိကောင်းစရာ Talk Show ပြောကြားခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။