တနင်္သာရီတိုင်းဒေသကြီးတိုင်းရင်းဆေးကုဌာနနှင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ (၁၃-၆-၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါ နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူတို့သည် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ အဘိုး(၆)ဦး၊ အဘွား(၆)ဦး စုစုပေါင်း(၁၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။