တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂-၁၀-၂၀၂၆) ရက်နေ့တွင် သာပေါင်းမြို့၊ ကြက်သွန်ကွင်း အ-လ-က ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းဆောင်ရွက်ပေးခဲ့ရာ ကျား (၆၃) ဦး၊ မ (၅၇)ဦး၊ လူနာစုစုပေါင်း (၁၂၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး “တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ဝဲ၊ ယားနာရောဂါအကြောင်း” ကို လူဦးရေ (၁၈၀)ဦးခန့်အား အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


