တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဦးအောင်မြို့နယ် တိုင်းရင်းဆေးမှူး၏ ဦးဆောင်မှုဖြင့် ၆.၆.၂၀၂၅ ရက်နေ့တွင် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကူဖြူကျေးရွာမူလာတန်းကျောင်း၌ ပညာပေး ဟောပြောမှု အနေဖြင့် မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြာင်းဟောပြောပြီး ဟောပြောဦးရေ (၆၅)ဦးနှင့် ကွင်းဆင်းဆေးကုသမှုလူနာ ကျား(၅)ဦး မ(၂၅)ဦးတို့အား ဆေးကုသ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။