the republic of the union of myanmar

ministry of health

Department of Traditional Medicine

စီမံရေးရာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

(၁) တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနခွဲအသီးသီးရှိအရာထမ်း၊ အမှုထမ်းများ၏ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း၊ တွဲဘက်/နှုတ်ထွက်/ရပ်စဲ/ထုတ်ပယ်ခြင်း၊ ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း၊ ဝန်ထမ်းအင်အားစာရင်းများ၊ ဖွဲ့စည်း ပုံကိစ္စများ ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ညှိနှိုင်းရန်ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆောင်ရွက်ခြင်း။

 

(၂) တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများမှ ထုတ်ပြန် သည့် ညွှန်ကြားချက်များအားထပ်ဆင့်အကြောင်းကြားခြင်း။

 

(၃) ဇီးပင်ကြီးရှိသင်တန်းများ၊ စာကြည့်တိုက်သင်တန်းနှင့် အခြားသော သင်တန်း များသို့ အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများအားစေလွှတ်နိုင်ရေးဆောင်ရွက်ခြင်း။

 

(၄) (၃)လပတ်၊ (၆)လပတ် အစီရင်ခံစာနှင့် နှစ်ပတ်လည် အစီရင်ခံစာများ ပြုစုဆောင်ရွက်ခြင်း။

 

(၅) တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များ၊ အစည်းအဝေး တင်ပြချက်များ၊ မှတ်တမ်းများဆောင်ရွက်ပေးခြင်း။

 

(၆) ရုံးသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဝယ်ယူရေးကိစ္စများအားအဖွဲ့ဖွဲ့၍ ဆောင်ရွက်ခြင်း။

 

(၇) လွှတ်တော်မေးခွန်းများဖြေကြားခြင်း၊ မြေယာကိစ္စများ၊ အဆောက်အဦကိစ္စ များ၊ ဘွဲ့ထူး/ဂုဏ်ထူးကိစ္စများ၊ နိုင်ငံခြားဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုံးနှင့်ပတ်သက် သောအထွေထွေကိစ္စရပ်များကိုဆောင်ရွက်ခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်