စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ၈.၈.၂၀၂၅ ရက်နေ့တွင် ဒု တိယ တိုင်းရင်းဆေးမှူး ဒေါ်သဲအိလွင်၊ ဒေါ်သက်မာဦး၊ ဒေါ်ဖြိုးစန္ဒာတို့သည်စစ်ကိုင်းမြို့ ရွာထောင်ဘိုးဘွားရိပ်သာသို့ သွားရောက် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ကြရာ ကျား ၂ ဦး၊ မ ၁၁ဦး စုစုပေါင်း ၁၃ဦး အဖိုး၊အဖွားများကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။