စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁.၉.၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမိုးနိုင်ဦး ဆောင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ကန့်ဘလူမြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ သက်ကြီး ဘိုး/ဘွား ကျား ၄ဦး၊ မ ၉ ဦး စုစုပေါင်း ၁၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။