၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မုံရွာမြိုတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်မူမူချိုက ဆောင်ရွက်ပြီး အခမ်းအနားမှူးများ အဖြစ် တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဦးနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိုးကြည်တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ခါးနာရောဂါစာတမ်းကို ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ထိုက်ထိုက်က ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသော ဆရာမများမှ ဝိုင်းဝန်းအကြံပြုဖြည့်စွက် ဆွေးနွေး ခဲ့ကြပါသည်။ အခမ်းအနားသို့တိုင်း၊ ခရိုင်၊ ဆေးရုံမှ ဆရာမများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁၁:၃၀)နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။