အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေး)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်ဝင်း (ဆန္ဒမွန် တိုင်းရင်းဆေး)၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်ဌေး (မှန်ချို တိုင်းရင်းဆေး) တို့က တက်ရောက် ခဲ့ကြပြီး အသင်းဝင် လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးဆရာများ၏ စုပေါင်း အလှူငွေကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။