ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ မန္တလေးမှ ၁၇-၃-၂၀၂၄ ရက်နေ့တွင် ဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာ၀င်း၊ ဒုတိယဆေးရုံအုပ် ဒေါ်သိန်းထိုက် အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်စောယုအောင်၊ အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်သိဂီထွန်း၊ အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်မြမြခိုင်၊ တိုင်းရင်းဆေးမှုး ဒေါ်မာမာချို၊ တိုင်းရင်းဆေးမှုး ဒေါ်ဆွေဆွေယု၊ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ဖြူဖြူထွေး၊ လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်ကေသီ၀င်းတို့ ပါ၀င်သောအဖွဲ့သည် အေးရိပ်မွန်သီလရှင်ကျောင်းနှင့် မိဘမဲ့ကလေးများစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခဲ့ကြပြီး ကျား(၃)ဦး၊ မ (၁၁၂)ဦး လူနာစုစုပေါင်း(၁၁၅)ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။