ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ နေပြည်တော်မှ ၁၈-၅-၂၀၂၄ ရက်နေ့တွင် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် သဲကောကြီး ကျေးရွာအုပ်စု ပေါက်ပင်သာကျေးရွာ သို့ သွားရောက်၍ ဆေးကုသရာတွင် လူနာ ကျား(၃၅) ဦး၊ မ (၃၃)ဦး၊ စုစုပေါင်း (၆၈)ဦး တို့အား ဆေးကုသပေးခဲ့ပြီး အပူဒဏ်ကာကွယ်ရေးနှင့် ဆောင်ရန်/ ရှောင်ရန်များအကြောင်းကို ဒုတိယဆေးရုံအုပ် ဦးလှမော်မှ ပညာပေးဟောပြောခဲ့သည်။
အဆိုပါ ကွင်းဆင်း ခရီးစဉ်သို့ တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင့်လွင်က လာရောက်ကြည့်ရှူ အားပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။