the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ‌ကြီး၊နေပြည်တော်မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း

ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ‌ကြီး၊နေပြည်တော်မှ ၂၅-၂-၂၀၂၄ (တနင်္ဂနွေနေ့) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် အထွေထွေရောဂါကုဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ် တို့ဦးဆောင်သော ဆရာ၊ ဆရာမ(၁၁)ဦးပါဝင်‌သော အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာသို့သွားရောက်၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများမှ လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ကာ အမျိုးသားလူနာ(၃၁)ဦးနှင့် အမျိုးသမီးလူနာ(၅၈)ဦး စုစုပေါင်းလူနာ (၈၉)ဦး တို့အား နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီထိ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ