ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒုတိယဆေးရုံအုပ် လေငန်းရောဂါ ကုဌာနမှ ဆရာ၊ ဆရာမ (၁၀) ဦးတို့သည် ပျဉ်းမနားခရိုင်၊ပျဉ်မနားမြို့နယ်၊ သန္တာရာမသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ ကျား (၁၄) ဦး၊ မ (၁၉) ဦး၊ သီလရှင် (၃၅) ဦး၊ လူနာစုစုပေါင်း (၆၈) ဦးအား ဆေးကုသမှု ပေးခဲ့ပြီး၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာဦးစောမြတ်ဘုန်းကြွယ်မှ “လေငန်းရောဂါ ကာကွယ်ပါ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။