မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဦးဇော်လင်းထင် ခရိုင်တိုင်းရင်းဆေးမှူးနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့် မြို့နယ်တိုင်းရင်းဆေးမှူးဦးဆောင်သော အဖွဲ့သည် (၉-၄-၂၀၂၅) နေ့ကျောက်ဆည်မြို့ရှိရွှေစေတီဘိုးဘွားရိပ်သာသို့ သွားရောက်၍ သက်ကြီးဘိုးဘွား ကျားလူကြီး(၁၁)ဦး၊ မလူကြီး(၂၅)ဦး ၊စုစုပေါင်း(၃၆)ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။